ဗိုက်ထဲကပူတူးလေးအန္တရာယ်ရှိကြောင်းသိနိုင်တဲ့ လက္ခဏာ(၅)မျိုး

မေမေတို့ရေ
ကိုယ်ဝန်ကိုးလလွယ်ထားရတဲ့အချိန်မှာ ကိုယ်ကအစစအရာရာဂရုစိုက်နေပေမယ့် ဗိုက်ထဲကပူတူးလေးကကျန်းမာရဲ့လား၊ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနေရဲ့လားဆိုတာကို အလွယ်တကူမသိနိုင်ပါဘူး။ ဒါကြောင့် ပူတူးလေးတွေက ဗိုက်ထဲမှာနေမကောင်းတဲ့အခါ၊ တစ်ခုခုဖြစ်နေတဲ့အခါ ဖေဖေ၊မေမေတို့သတိပြုထားနိုင်စေဖို့ အန္တရာယ်ပြနေတဲ့လက္ခဏာ (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ကြွက်တက်ခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ ကြွက်တက်ခြင်းဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို လျစ်လျူရှုထားလို့တော့မရပါဘူး။ ဒီလိုခဏ ခဏကြွက်တက်နေမယ်ဆိုရင်တော့ ဗိုက်ထဲကပူတူလေးမှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်သလို သာမန်ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်သက်တမ်းရင့်လာတဲ့အမျှ ကြွက်တက်ခြင်းဟာ လမစေ့ဘဲမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာတွေရဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်လည်းဖြစ်နိုင်တာကြောင့် ဆေးခန်းရက်ချိန်းတိုင်းမှာ ကိုယ်ခံစားရတာမှန်သမျှ ဆရာဝန်ထံပြောပြသင့်ပါတယ်။

၂။ သွေးဆင်းခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ သွေးဆင်းတာကလည်း စိုးရိမ်စရာလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာကြောင့် သွေးဆင်းတာဖြစ်တတ်သလို ဟော်မုန်းတွေဟန်ချက်မညီတာကြောင့်လည်းဖြစ်တတ်ပါတယ်။ တစ်ခါတလေ အချင်းပြဿနာကြောင့် လမစေ့ပဲကလေးမွေးဖွားခါနီးမှာလည်း သွေးဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့မှာ သွေးဆင်းလာပြီ ဆိုရင်တော့ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။.

၃။အဖြူဆင်းခြင်း
ပုံမှန်အဖြူဆင်းသလိုမဟုတ်ဘဲ အနံ့အသက်မကောင်း၊အရောင်မရှိတဲ့ အကျိအချွဲတွေဆင်းတဲ့အပြင် သွေးနည်းနည်းပါဆင်းနေမယ်၊ အရမ်းလည်း နာကျင်ကိုက်ခဲနေမယ်ဆိုရင်လည်း ပုံမှန်ထက်စောပြီး သားအိမ်ခေါင်းပွင့်သွားတာ ဖြစ်နိုင်လို့နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။

၄။IUGR ခေါ် သန္ဓေသား ဖွံ့ဖြိုးမှုအားနည်းခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ လရင့်လာတာနဲ့အမျှ ဗိုက်ထွက်မလာတာဟာ IUGR ခေါ် သန္ဓေသားဖွံံ့ဖြိုးမှုအားနည်းတာကြောင့် ဖြစ်ပါတယ်။ IUGR ဖြစ်တဲ့အခါ ဗိုက်ထဲကပူတူးလေးက ပုံမှန်ရှိသင့်တဲ့အနေအထားထက်ပိုမိုသေးငယ်နေတတ်ပြီး မွေးဖွားလာတဲ့အခါမှာလည်း အသက်ရှူရခက်ခဲတာ၊ အပူချိန်မမှန်တာ၊ သွေးပေါင်ချိန်မမှန်တာတွေဖြစ်တတ်ပါတယ်။

၅။ လှုပ်ရှားမှုမရှိခြင်း
ကိုယ်ဝန်ကာလ ၂၀ပတ်လောက်ကနေစပြီးတော့ ဗိုက်ထဲကပူတူးလေးက နှစ်နာရီခြားတစ်ခါလောက်ကန်တတ်ပါတယ်။ ပူတူးလေးက အချိန်အတော်ကြာအောင်မကန်တော့ဘူးဆိုရင်တော့ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်လို့ ဆရာဝန်ထံမှာ သွားရောက်စစ်ဆေးသင့်ပါတယ်။ 

ဖေဖေ၊မေမေတို့လည်း ဒီအကြောင်းအရာလေးတွေကိုဖတ်ရှုပြီး ကျန်းမာရေးဗဟုသုတတွေ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။
Related Articles

နို့ကြောင်းပိတ်ခြင်းအကြောင်း

ကိုယ်ဝန်ဆောင်စဉ် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းအောင် ဘယ်လိုစားသုံး ရမလဲ

တင်ပဆုံဖွား

ပဋိဇီဝဆေးတွေက ကိုယ်ဝန်ကိုအဟန့်အတားဖြစ်စေလား

သန္ဓေအောင်ဖို့ကြိုးစားနေစဉ် ရှောင်ရန်အိမ်မှုပစ္စည်းများ

ကိုယ်ဝန်ဆောင်ဗိုက် အရောင်မည်းညစ်သွားရတဲ့ အကြောင်း