ကြက်ဥအကာကျက်နဲ့ ပူတူးကျန်းမာရေး

ကြက်ဥမှာ အာဟာရဓာတ်တွေအများကြီးပါဝင်ပြီး ပူတူးလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အပံ့ပေးနိုင်တဲ့ ပရိုတိန်းနဲ့ ကယ်ဆီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ပူတူးလေးတွေ အသက် ၆လကျော်ရင် ဖြည့်စွက်စာထဲမှာ ထည့်ပြီးကျွေးနိုင်ပါပြီ။
အရာရာတိုင်းဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ ဒီလောက် အာဟာရဓာတ်တွေနဲ့ ကောင်းကျိုးတွေပြည့်ဝနေတဲ့ ကြက်ဥမှာလည်း ဟာကွက်ရှိနေပါတယ်။ အဲ့ဒါကတော့ မကျက်တကျက်ကြော်ထားတဲ့ကြက်ဥပါ။

အနှစ်ကလေးတုန်နေတဲ့ ကြက်ဥအကာကျက်လေးဟာ ကြည့်လို့အရမ်းလှပြီး စားလို့လည်းကောင်းမှကောင်းပါပဲ။ မကျက်တကျက်ကြော်ထားတဲ့ကြက်ဥကြော်ဟာ လူကြီးတွေအတွက် အရမ်းအရသာရှိပြီး ဆိုးကျိုးမဖြစ်စေပေမယ့် အသက် ၅နှစ်အောက်အရွယ် ကိုယ်ခံအားသိပ်မကောင်းသေးတဲ့ ပူတူးလေးတွေအတွက်တော့ နည်းနည်း သတိထားရပါမယ်။

ဘာလို့လဲဆိုတော့ ကြက်ဥအနှစ်ထဲမှာ မတော်တဆ ဆယ်လ်မွန်နဲလားလို့ခေါ်တဲ့ ရောဂါပိုး ပါလာရင် ဝမ်းပျက်ဝမ်းလျောဖြစ်တတ်လို့ပါ။ ငယ်လွန်းတဲ့ပူတူးလေးတွေဟာ ရောဂါတိုက်ဖျက်မှုကိုယ်ခံအားက ကောင်းကောင်းမဖွံ့ဖြိုးသေးပဲ ဝမ်းသွားလွန်းလို့ ရေဓာတ်ဆုံးရှူံးတာ အရမ်းများလာရင် အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးဝါးတတ်ပါတယ်။ 

ဒီရောဂါပိုးဟာ ကြက်မရဲ့မျိုးပွားပြွန်တွေမှာ ရှိနေတာဖြစ်ပြီး ဥခွံမဖြစ်သေးတဲ့ အချိန်မှာကတည်းက ကြက်ဥထဲကို ဝင်နေတာပါ။ ကြက်တစ်ကောင်မှာ ရောဂါပိုးရှိမရှိဆိုတာလည်း ဘယ်လိုမှ မသိနိုင်ပါဘူး။ ဥအစိမ်းစားမယ်ဆိုရင် ပိုးသတ်ထားရင်တော့ ရပါတယ်တဲ့။ ဒါပေမယ့် မြန်မာပြည်မှာလည်း လုပ်မယ်မထင်ပါဘူး။ 

ဒါကြောင့် အိမ်ရှင်မ မေမေတို့ကို အဓိကပြောချင်တာကတော့ ငါးနှစ်အောက် ပူတူးလေးတွေကို ကြက်ဥမကျက်တကျက် ကျွေးတာရှောင်ရှားကြပါလို့…..


Related Articles

ဆာမှတိုက်မှာလား

ရေမွမ်းသေဆုံးခြင်း Dry Drowning နှင့် Secondary Drowning အကြောင်း သိကောင်းစရာ

ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းရန်

အော်တစ်စင် (Autism) လက္ခဏာအကြောင်း သိကောင်းစရာ

သားသားမီးမီးတွေကိုတန်းတူညီမျှ ချစ်ပေးပါ။

အတ္တများနှင့်အုပ်ထိန်းခြင်း