ပရုတ်ဆီ၊ရင်လူးဆေးတွေနဲ့ ပူတူးကျန်းမာရေး

မြန်မာနိုင်ငံမှာ တော်တော်များများ မိဘတွေလုပ်လေ့ရှိတဲ့အလွဲတွေထဲက တစ်ခုမို့ သတိထားရမယ့် အချက်ပါပဲ။ 

ရင်လူးဆေးတွေ၊ ပရုတ်ဆီတွေကို ၂နှစ်အောက် ပူတူးလေးတွေရဲ့ ခြေဖဝါးလေးတွေမှာပဲဖြစ်ဖြစ်၊ ရင်ဘတ်ပေါ်မှာပဲဖြစ်ဖြစ်၊ နှာခေါင်းဝမှာ လိမ်းတာ၊ ရှူခိုင်းတာပဲဖြစ်ဖြစ် လုံးဝ(လုံးဝ)မလုပ်ရပါဘူး။

ပရုတ်ဆီကို နှာခေါင်းဝမှာ လူးပေးမိလို့ ၂၀၀၉ ခုနှစ်တုန်းက ၁၈လသားအရွယ် ပူတူးလေးတစ်ယောက် ဆေးရုံပို့ခဲ့ရတဲ့ သတင်းဖတ်လိုက်ရပါတယ်။ 

ပရုတ်ဆီတွေဟာ အသက်ရှူလေပြွန်လေးတွေ ကျဉ်းနေသေးတဲ့ ပူတူးလေးတွေအတွက် အန္တရာယ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရုတ်ဟာ အသက်ရှူလမ်းကြောင်းမှာ ချွဲတွေပိုထွက်စေတယ်။ ထွက်လာတဲ့ ချွဲတွေက လေပြွန်လေးတွေကို ပိတ်စေပြီး အသက်ရှူရပ်သွားကာ သေဆုံးတဲ့အထိဖြစ်တတ်ပါတယ်။ 

တစ်ချို့ပရုတ်ဆီတွေမှာဆိုရင် အပူဓာတ်များလွန်းပြီး အာဆန်းနစ်ဓာတ်တွေပါတာကြောင့် ပူတူးလေးတွေမှာ အာဆန်းနစ် အဆိပ်သင့်တာတွေကိုဖြစ်စေပါတယ်။

ဒါကြောင့် ကြားဖူးနား၀ အရပ်စကားတွေ ယုံပြီး လိုက်မလုပ်ကြပါနဲ့ မေမေတို့ရယ်။ တစ်ခုခုဆိုရင် ဘယ်သူမှ တာဝန်ယူမှာမဟုတ်ပါဘူး။ မေမေတို့ရဲ့ ရင်နှစ်သည်းချာ ပူတူးလေးတွေပဲ မချိမဆန့် ခံစားကြရမှာမို့ ဆင်ခြင်ကြပါနော်။

Related Articles

အားဖြည့်အချိုရည်တွေရဲ့ ဆိုးကျိုး

ပူတူးလေးတွေ ပြောစကားနားထောင်အောင်

ပဲခူးတိုင်းတွင် COVID19 သံသယရှိသူ ကလေး၂ဦးပါဝင်လာ

လမ်းလျှောက်တတ်စကလေးငယ်များနဲ့ သူတို့အကြိုက်ဆုံးအစားအစာများအကြောင်း

မွေးကင်းစပူတူးလေးတွေ ချက်ကြိုးမကြွေခင် သတိထားဖို့

အောင်မြင်ကျော်ကြား PuTuu Stars(အပိုင်း-၁၂)