ပူတူးလေးတွေကို အစားထိုး နို့မှုန့်တိုက်ကျွေးတဲ့အခါ

ယနေ့ခေတ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်မေမေတွေ၊ အလုပ်လုပ်ကိုင်နေတဲ့မေမေတွေ များပြားလာတာကြောင့် မွေးကင်းစပူတူးလေးတွေကို မိခင်နို့အစား အာဟာရဖြည့်အစားထိုးနို့မှုန့်တွေကိုပဲ တိုက်ကျွေးလာကြပါတယ်။  ၆ လအောက် ပူတူးလေးတွေအတွက် မိခင်နို့ကအကောင်းဆုံးဆိုပေမယ့် မိခင်နို့ရရှိဖို့ခက်ခဲတဲ့အခြေအနေတွေမှာတော့ ပူတူးလေးတွေအတွက် အစားထိုး အာဟာရနို့မှုန့်တွေကလည်း သင့်တော်ကောင်းမွန်ပါတယ်။ ဒီလို မိခင်နို့လုံလုံလောက်လောက် မရရှိနိုင်တဲ့အခါမှာ ပူတူးလေးတွေအတွက် အစားထိုးအာဟာရနို့မှုန့်တွေမှာ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေရှိမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အစားထိုးနို့မှုန့်တွေက  ပူတူးလေးတွေကြီထွားဖွံ့ဖြိုးဖို့   လိုအပ်မယ့်အာဟာရဓါတ်အားလုံးကို ထည့်သွင်းဖော်စပ်ထားလို့  အာဟာရမပြည့်ဝမှာကိုတော့ စိတ်ပူစရာမလိုပါဘူးနော်။ပူတူးလေးတွေကို အစားထိုးအာဟာရနို့မှုန့်တိုက်ကျွေးတဲ့အခါ မည်သူမဆိုအလွယ်တကူ တိုက်ကျွေးနိုင်တာကြောင့် အလုပ်လုပ်နေတဲ့မေမေတွေအတွက်တော့ အဆင်ပြေလှပါတယ်။ ပူတူးလေးတွေ အပြင်ထွက်တဲ့အခါမှာလည်း အလွယ်တကူတိုက်ကျွေးနိုင်ပြီး  နို့ဘူးနဲ့ တိုက်ကျွေးရတဲ့အတွက် ပူတူးလေးတွေတစ်နေ့တာသောက်သုံးတဲ့ နို့ပမာဏကိုလည်း အလွယ်တကူသိရှိနိုင်ပါတယ်။ ဒါ့အပြင် အာဟာရဖြည့်စွက်နို့မှုန့်တွေကိုပဲ သောက်သုံးနေတာကြောင့် ပူတူးလေးတွေရဲ့ကျန်းမာရေးက မေမေတွေရဲ့နေထိုင်စားသောက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေမှာမဟုတ်လို့ မေမေတို့နေမကောင်းတဲ့ အခါမှာလည်း ပူတူးလေးတွေဆီကို ဖျားနာတာတွေ အလွယ်တကူ ကူးစက်နိုင်မှာ မဟုတ်ပါဘူး။  

ဒါပေမယ့် အစားထိုးနို့မှုန့်တွေက မိခင်နို့လောက်တော့ အာဟာရဓါတ်တွေကို့ြ့ပည့်ပြည့်ဝဝ မပေးစွမ်းနိုင်ပါဘူး။ မိခင်နို့တွေက အစားထိုးနို့မှုန့်တွေထက် အစာခြေရလွယ်ကူတဲ့အစွမ်းသတ္တိတွေရှိပါတယ်။ အစားထိုးနို့မှုန့်တွေကို ပမာဏအများကြီးသောက်သုံးရင် ပူတူးလေးတွေမှာလည်း အဝလွန်ရောဂါဖြစ်နိုင်ချေရှိလို့ လူကြီးမိဘတွေက သတိထားပြီးကျွေးမွေးသင့်ပါတယ်။ ဒါ့အပြင် အစားထိုးနို့မှုန့်တိုက်ကျွေးတဲ့အခါ နို့ဘူး၊ နို့သီးခေါင်း၊ နို့မှုန့်တွေကိုဝယ်ယူရတဲ့အတွသာက်သုံးတဲ့ ပူတူးလေးတွေမှာလည်း အဝက် ငွေကုန်ကြေးကျတော့ များတတ်ပါတယ်။ အစားထိုးနို့မှုန့်တွေမှာ အာဟာရဓါတ်တွေပါဝင်တယ်ဆိုပေမယ့် မိခင်နို့တွေလိုတော့ ပူတူးလေးတွေအတွက် ခုခံအားစနစ်ကို ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးနိုင်မှာတော့ မဟုတ်ပါဘူး။

ဖေဖေ၊မေမေတို့ရေ အစားထိုးနို့မှုန့်တွေကလည်း ပူတူးလေးတွေအတွက် သင့်တော်တယ်ဆိုပေမယ့် အသက်၆လ အရွယ်အထိ မိခင်နို့ကတော့ အကောင်းဆုံးပါပဲနော်။ ဒါကြောင့် မိခင်နို့မလုံလောက်တဲ့အခါ ၊ မိခင်နို့မရရှိနိုင်တဲ့အခါတွေမှသာ အာဟာရဖြည့်စွက်နို့မှုန့်တွေကို တိုက်ကျွေးဖို့ အကြံပြုပါရစေ။ ဒီအကြောင်းအရာလေးတွေကို ဖတ်ရှုပြီး ဖေဖေ၊မေမေတို့လည်း ပူတူးလေးတွေကျန်းမာရေးအတွက် အသင့်တော်ဆုံးနည်းလမ်းတွေကို ရွေးချယ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Related Articles

အလွယ်ကူဆုံး သရက်သီးရေခဲမုန့်

နို့စို့ရင်း အကိုက်ခံရလို့စိတ်ညစ်နေပြီလား

အစာအိမ်အချဉ်ပေါက်ခြင်း

ဦးခေါင်းအဆမတန်ကြီးလာတဲ့ သူလေး

မိခင်နို့အပြင် ကလေး အာဟာရအတွက် ကျွေးသင့်တဲ့ အစားအစာများ

ကလေးငယ်ရဲ့ ဆံပင်မြန်မြန်ရှည်စေလာဖို့ ဘယ်လိုလုပ်ပေးနိုင်သလဲ…။