ပူတူးလေးတို့အတွက် ကြက်ဥ Sandwich

ဒီတစ်ခေါက်မှာတော့ ပူတူးမေမေတို့လည်း ဖန်တီးရလွယ်၊ ပူတူးလေးတို့လည်း အကြိုက်တွေ့စေမယ့် ကြက်ဥ Sandwich လုပ်နည်းလေးနဲ့ မိတဆက်ပေးချင်ပါတယ်။ အရသာလည်းရှိ အားလည်းရှိစေတာကြောင့် ပူတူးလေးတို့ကို စိတ်ချလက်ချ ကျွေးလို့ရမယ့် အစားအစာလေးတစ်ခုပါ...


Photo credit - taste & flavours
ပါဝင်ပစ္စည်း

ကြက်ဥ - ၃ လုံး
ဂဏန်းအသားချောင်း (သို့) နှစ်သက်ရာအသား - ခွက်သေး ၁ ခွက်
မရောနိစ် - ထမင်းစားဇွန်း ၃ ဇွန်း
Sanwich ပေါင်မုန့် - ၆ ချပ်
သံပုယိုသီး - ၁ စိပ်


Photo credit - eat this much
ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး ကြက်ဥတွေကို ကျက်တဲ့အထိ ပြုတ်ပါ။
- ဂဏန်းအသားချောင်း (သို့) နှစ်သက်ရာအသားကိုလည်း ပြုတ်ပေးပါ။


Photo credit - thirty handmade
- ကြက်ဥတွေကို ခရင်းဇွန်းလေးနဲ့ မွနေအောင် ချေပေးပါ။
- အသားတွေကို နူတ်နူတ်စင်းပါ။
- ကြက်ဥချေထားတဲ့ ဇလုံထဲမှာ အသား၊ မရောနိစ်၊ သံပုယိုသီးစိတ်ညှစ်ထည့်ပြီး သမအောင်မွှေပါ။


Photo credit - pinterest
- ပြီးရင်တော့ Sandwich ပေါင်မုန့်လေးထဲညှပ်ကာ ပူတူးလေးတို့ကို အစာပြေအဖြစ် ကျွေးလို့ရပြီဖြစ်ပါတယ်။
Ref; Umi's cooking youtube
Psyche 
Related Articles

အချင်းစားသုံးခြင်း

ပူတူးလေးတို့ ဉာဏ်ကောင်းစေမယ့် စူပါအစားအစာများ

ဖရဲသီးကျောက်ကျော

ငါး စားခြင်းကြောင့် ရရှိနိုင်သော အံ့ဖွယ် အကျိုးကျေးဇူးများ

ကလေးငယ်များနဲ့ အသင့်စားအစားအစာများအန္တရယ်။

မွေးစမှ (၁) နှစ်အထိ ကျွေးသင့်သော အစားအစာများ