ကလေးမွေးပြီးချိန်မှာ မိဘတွေ လုပ်မိလေ့ရှိတဲ့အမှားများ

မိဘတိုင်းဟာ ပထမဆုံးအကြိမ် ကလေးမွေးပြီးချိန်မှာ အမှားလေးတွေလုပ်မိလေ့ရှိတတ်ကြပါတယ်။
ဘာကြောင့်လဲဆိုရင် ပထမဆုံးအကြိမ်မှာ အားလုံးအမှားလေးတွေလုပ်တတ်လေ့ရှိပါတယ်။ အခုဖော်ပြပေးချင်တာကတော့
မိဘတွေအနေနဲ့ ပထမဆုံးကလေးရရှိတဲ့အချိန်မှာ အများဆုံးလုပ်လေ့ရှိတဲ့ အမှားလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ကလေးတွေကို ညဘက်မှာ နို့တိုက်ဖို့နိုးခြင်း

ဒါဟာမိဘတိုင်းအများဆုံးလုပ်တတ်တဲ့အမှားတစ်ခုဘဲဖြစ်ပါတယ်။ ညဘက်မှာ နို့ချိုတိုက်ကျွေးတာဟာ
သင့်တင့်မျှတတဲ့အာဟာရနှုန်းထားရရှိမှု နည်းပါးစေပါတယ်။ ညဘက်မှာနို့တိုက်တာထက် အိပ်စက်တာက 
အားအင်ပိုမိုရရှိစေပါတယ်။

ကလေးတွေဖျားတဲ့အခါမှာ ချွေးမထွက်ဘူးလို့ ယူဆခြင်း

ပထမဆုံးသုံးလအရွယ်အထိ အဖျား 100.4 °C ကျော်ရင် ကလေးတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
မိဘတွေအများဆုံးမှားလေ့ရှိတာက ကိုယ်ငွေ့ငွေ့လေးရှိနေရင် မဖျားဘူးလို့ ထင်တတ်ကြတာဘဲဖြစ်ပါတယ်။ တကယ်လို့
ကိုယ်ငွေ့ငွေ့လေးနွေးနေပြီးတော့ အပူချိန်က 100.4 °C ရှိနေရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

ကိုယ့်ရဲ့အိမ်ထောင်ဘက်ကို လျစ်လျူရှုထားခြင်း

ဒါဟာလည်း ကလေးမွေးပြီးကာစလူတွေမှာ ဖြစ်လေ့ရှိတဲ့အမှားတစ်ခုဘဲဖြစ်ပါတယ်။ ကလေးမီးဖွားပြီးချိန်မှာတောင်မှ သင့်ရဲ့
အိမ်ထောင်ဖက်နဲ့ အချင်းချင်းနွေးထွေးတဲ့ဆက်ဆံရေးရှိခြင်းက တကယ့်အရေးပါတဲ့အချက်အလက် တစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုထားပါတယ်။ တကယ်လို့ ကလေးကိုသာဂရုစိုက်နေပြီး ကိုယ့်အိမ်ထောင်ဖက်ကို ဂရုမစိုက်မိရင် အိမ်ထောင်သက်မှာ အားနည်းချက်တစ်ခုဖြစ်နိုင်ပြီးတော့ဒီလိုဖြစ်တာဟာ ကလေးကြောင့်ဆိုပြီး မကောင်းမြင်မှုတွေရှိလာနိုင်ပါတယ်။

ကလေးရှေ့မှာ ရန်ဖြစ်ခြင်း

အသက် သုံးလသာရှိသေးတဲ့ကလေးဟာ ငယ်ရွယ်သေးပေမယ့် ကိုယ့်ရှေ့ကဖြစ်တဲ့အရာမှန်သမျှကို မှတ်သားထားလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကလေးရှေ့မှာ အရမ်း emotional  ဖြစ်တဲ့ကိစ္စတွေကို ရှောင်ရှားရပါမယ်။ ကလေးရှေ့မှာ ရန်ဖြစ်ရင်တောင်မှ ကလေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာရနိုင်ပါတယ်။

Phone Khant

Related Articles

မွေးကင်းစအရွယ်ပူတူးလေးတွေမှာ ပြာနှမ်းတတ်တဲ့ရောဂါ (Gray Baby Syndrome)

ဗိုက်ထဲကပူတူးလေးတွေ အောက်ဆီဂျင်ပြည့်ပြည့်ဝဝရစေဖို့

ခဏခဏငိုနေရတဲ့အကြောင်း

အဝလွန်ရောဂါ ကာကွယ်ပါ။

ပူတူးလေးတွေမှာ မျက်တောင်ခဏခဏခတ်နေရင်

ဆံပင်ဆေးဆိုးတဲ့နေ့ ပူတူးနားမကပ်ပါနဲ့မေမေ