ပူတူးလေးတို့ အာဟာရရှိစေမယ့် သီးစုံလုံးကြော်

ဒီတစ်ခေါက်မှာတော့ ၆ လနဲ့အထက် ပူတူးလေးတွေအတွက် အာဟာရဖြစ်စေမယ့် အစာပြေမုန့်လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကလည်း အရမ်းကို ရိုးရှင်းလွယ်ကူလှပါတယ်...

Photo credit - freepik
ပါဝင်ပစ္စည်း 

အာလူး - ၂ လုံး
မုန်လာဥနီ - ၁ လုံး
ကြက်သွန်မြိတ် - ၁ ပင်
ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
ဆား - လက်ဖက်စားဇွန်းဝက်
အရသာမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း
ဆီ - လက်ဖက်စားဇွန်း ၁ ဇွန်း


Photo credit - pinterest
ပြုလုပ်နည်းအဆင့်ဆင့်

- ပထမဦးဆုံး အာလူးနဲ့ မုန်လာဥနီကို အခွံခွာရေဆေးထားပါ။
- ပြီးရင် အာလူးလေးကို အဝိုင်းလေးတွေလှီးပြီး ပြုတ်ပါ။
- မုန်လာဥနီကို အတုံးသေးလေးတွေ လှီးထားပါ။ ကြက်သွန်မြိတ်တွေကို ပါးပါးလှီးထားပါ။

Photo credit - freepik
- အာလူးလေးတွေ နူးပြီဆိုရင် ဇလုံတစ်လုံးထဲထည့်ပြီး ချေပေးပါ။
- ပြီးရင် လှီးထားတဲ့ မုန်လာဥနီတွေထည့်ပါ၊ ဆား၊ အရသာမှုန့်၊ ပြောင်းကော်မှုန့်၊ ကြက်သွန်မြိတ်တွေထည့်ပြီး သမအောင်မွှေပါ။
- အားလုံးပြီးသွားရင်တော့ ဒယ်အိုးထဲမှာ ကြော်ရန်လုံလောက်တဲ့ ဆီပမာဏထည့်ပြီး မုန်လာဥနီ၊ အာလူးလုံးလေးတွေထည့်ကာ ကြော်ပေးပါ။

Photo credit - BBC food good
- ကြော်ပြီးသွားရင်တော့ ဆီစစ်ကာ ပူတူးလေးတို့ကို အစာပြေကျွေးလို့ရပါပြီ။
(ပူတူးလေးတို့အတွက်ဖြစ်တာကြောင့် ဆီကို သန့်ရှင်းသော ဟင်းသီးဟင်းရွက်ဆီဖြစ်ဖို့ လိုပါမယ်)   
Related Articles

ယိုးဒယားဝက်နံရိုးချဉ်စပ်ဟင်းရည်

တစ်အိမ်သားလုံးစားသုံးသင့်တဲ့ ထောပတ်သီး

မွေးစမှ (၁) နှစ်အထိ ကျွေးသင့်သော အစားအစာများ

နာနတ်သီး စားသုံးစို့

ကလေးငယ်များနဲ့ အသင့်စားအစားအစာများအန္တရယ်။

အစာချေးများသူများ၏ နောက်ဆက်တွဲကျန်းမာရေး