The King ထဲက အသက် ၈ နှစ်သာရှိသေးတဲ့ ကိုရီးယားမင်းသားငယ်လေး Jung Hyeon Jun

အခုလတ်တလောမှာ နာမည်ကျော်တောင်ကိုရီးယားရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ SBS နဲ့ Netflix တို့ကနေ ထုတ် လွှင့်ပြသခဲ့တဲ့ The King: Eternal Monarch ဇာတ်လမ်းတွဲထဲက လီမင်ဟိုငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေးကို မှတ်မိကြမယ် ထင်ပါတယ်။


ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတဲ့ အဲဒီမင်းသားငယ်လေးရဲ့ အကြောင်းကို တစေ့တစောင်း ဖော်ပြပေးချင်ပါတယ်။ သူ့နာမည်ကတော့ Jung Hyeon Jun ဖြစ်ပါတယ်။ အသက် ၈ နှစ်ပဲ ရှိပါသေးတယ်။


မင်းသားငယ်လေး Hyeon Jun ကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၄ နှစ်ဝန်းကျင်လောက်တည်းက ကလေးမိုဒယ်အဖြစ် အနုပညာခြေလှမ်းစခဲ့သူပါ။


သူဟာ The King: Eternal Monarch မတိုင်ခင်က ရိုက်ကူးခဲ့တဲ့ နာမည်ကျော် အော်စကာဆုရ ရုပ်ရှင် “Parasite” မှာလည်း ပါဝင်ခဲ့ပြီး ပရိသတ်အသိအမှတ်ပြုမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ အဲဒီဇာတ်လမ်းထဲမှာ ချမ်းသာတဲ့ Park မိသားစုထဲက အငယ်ဆုံးသားလေး “Park Da Song” အဖြစ် သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ပတ်သက်လို့ ချီးကျူးအားပေးမှုတွေ အများကြီးရရှိခဲ့ပါတယ်။


ဒါ့ပြင် သူဟာ Screen Actors Guild Awards ဆုပေးပွဲကြီးကပေးတဲ့  ရုပ်ရှင်သရုပ်ဆောင်ထူးချွန်ဆုကိုလည်း Parasite ဇာတ်လမ်း ထဲက သရုပ်ဆောင်တွေနဲ့အတူ လက်ခံရရှိခဲ့ပါတယ်။


ပါဝင်ထားတဲ့ ဇာတ်လမ်းတွေက ဒါတင်မကပါဘူး။ ၂၀၂၀ ပြည့်နှစ်ရဲ့ Dr. Romantic Season 2, ၂၀၁၉ ခုနှစ်ရဲ့ Vagabond နဲ့ Moment At Eighteen ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သူပထမဆုံးပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ ၂၀၁၇ ခုနှစ်ရဲ့ You Are Too Much ဖြစ်ပါတယ်။


Hyeon Jun လေးဟာ အခုလက်ရှိမှာတော့ T1 Entertainment နဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။ The King: Eternal Monarch ဇာတ်လမ်းမှာ ပရိသတ်တွေအချစ်ပိုခဲ့ကြသလို Parasite ရုပ်ရှင်မှာတည်းက နိုင်ငံတကာပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီးဖြစ်တဲ့ Hyeon Jun လေးဟာ သူ့ရဲ့ Instagram မှာ လည်း follower ပေါင်းများစွာကို ရရှိထားပါတယ်။


Hyeon Jun လေးဟာ အခုလို အသက် ၈ အရွယ်လောက်ကတည်းက သရုပ်ဆောင်ကောင်းသူ၊ ရုပ်ရည် ချောမောသူအဖြစ် ပရိသတ်အသိအမှတ်ပြုမှုကို ရရှိခဲ့တာကြောင့် သူအရွယ်ရလာတဲ့ နောင်တစ်ချိန်မှာတော့ တောင်ကိုရီးယားအနုပညာလောကရဲ့ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ဆိုတာ အသေအချာပါပဲ။

Kate Scarlett
Source: Wikipedia


Related Articles

ပူတူးတွေအတွက် အလွယ်တကူလုပ်လို့ရမယ့် ပန်းချီကား

ငွေကုန်သက်သာ ပျော်ရွှင်ပါ

သင်္ကြန်တွင်း အပြင်လျှောက်မလည်ရတဲ့ ပူတူးလေးများအတွက် ဖေဖေ မေမေတို့နဲ့အတူ အိမ်တွင်းကစားနည်းလေးများ

ပူတူးလေးတွေဖို့ အရုပ်တက်တူးလေးတွေ

မီးအိမ် ဖန်ပုလင်းလေး လုပ်ရအောင်

မိသားစုအတွက် အပျင်းပြေ ဟာသလေးများ