ကိုယ်ဝန်ဆောင်နှင့် လမ်းလျှောက်ခြင်းနောက်ဆက်တွဲအကျိုး

အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ချိန်ဟာ သာမာန်အချိန်တွေထက် ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ပေးရမယ့်အချိန်ဘဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်အများစုဟာ အထူးသဖြင့်တတိယအပတ်ကိုရောက်ရှိလာချိန်မှာတော့ ပင်ပမ်းနွမ်းနယ်မှုကြောင့် လမ်းလျှောက်ချင်စိတ်မရှိဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။




ဘာကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်သင့်တာလဲ?

လမ်းလျှောက်ပေးခြင်းဟာ ပုံမှန်ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် ညဘက်အိပ်ကောင်းကောင်းအိပ်ပျော်စေခြင်း၊ သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ စိတ်ဖိစီးမှုများ လျော့ကျစေပြီး ကလေးရောမိခင်ပါ ကျန်းမာဖို့အတွက် အထောက်အကူများစွာဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ လမ်းလျှောက်တာအပြင် ပေါ့ပေါ့ပါးပါးနဲ့လွယ်ကူတဲ့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းမျိုးတွေကို နေ့စဉ်ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ 



လေ့ကျင့်ခန်းပြုလုပ်ခြင်းကို Relaxation ဖြစ်ဖို့နဲ့ အာရုံစူးစိုက်မှုအားကောင်းစေဖို့အတွက် ပြုလုပ်ကြတာများတယ်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနနဲ့ တစ်နေ့မှာ မိနစ်၃၀ ခန့် ပုံမှန်လမ်းလျှောက်ပေးမယ်ဆိုရင် အမှန်တကယ် Relax ဖြစ်စေပြီး အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ သတိပြုရမှာကတော့ ကိုယ်ဝန်ကိုထိခိုက်စေမယ့် အန္တရာယ်ဖြစမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးတွေနဲ့ လမ်းလျှောက်တာကို ပြင်းပြင်းထန်ထန်မလုပ်မိစေဖို့ပါဘဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်များအတွက် နေ့စဉ်ပုံမှန် နာရီဝက်ခန့် လမ်းလျှောက်ပေးတာက ကလေးရော မိခင်ပါကျန်းမာဖို့အတွက် အထောက်အကူများစွာဖြစ်စေပါတယ်။


Related Articles

Implant နည်းဖြင့်သားဆက်ခြားထားလျှင် လိုက်နာသင့်သည်များ

သန္ဓေအောင်ဖို့ကြိုးစားနေစဉ် ရှောင်ရန်အိမ်မှုပစ္စည်းများ

ဓမ္မတာရက်နဲ့ ကိုယ်ဝန်ရနိုင်ချေ

အမြဲတမ်းချည်း ဗိုက်ဖုံးအင်္ကျီဝတ်ဖို့မလိုပါဘူး

အတက်ရောဂါရှိနေရင် ကိုယ်ဝန်ဆောင်လို့ဖြစ်ပါ့မလား

ပတ်ဝန်းကျင်ကပြောစကားတိုင်းကို မယုံပါနဲ့