ကလေးများဉာဏ်ရည်ထက်မြတ်စေဖို့အတွက် မွေးကင်းစအရွယ်မှာ ပြလုပ်ပေးသင့်တဲ့အရာများ

ကလေးငယ်တွေဟာ ငယ်ရွယ်တုန်းမှာ ဦးနှောက်ကလုပ်ဆောင်စရာသိပ်မရှိသေးတာကြောင့် အသစ်အဆန်းတွေကို သင်ယူလေ့လာကြပါတယ်။ ဒါကြောင့်မို့ ကလေးတွေမွေးကင်းစအရွယ်ဟာသင်ကြားပြသပေးဖို့ အကောင်းဆုံးအချိန်တစ်ခုဘဲဖြစ်ပါတယ်။ အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ကလေးတွေကို မွေးကင်းစအရွယ်မှာကတည်းက ဉာဏ်ရည်ထက်မြတ်အောင် ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

ပထမဆုံးသုံးနှစ်အရွယ်မှာ ကလေးတွေကို အန္တရာယ်ကင်းအောင် အဓိကထားစောင့်ရှောက်သင့်ပါတယ်။ ကလေးတွေဟာ နုရွတဲ့အရွယ်ဖြစ်တာကြောင့် သူတို့ကို မထိခိုက်အောင်စောင့်ရှောက်ဖို့က အရေးကြီးပါတယ်။ဒါမှသာ လုံလောက်တဲ့အာဟာရအချိုးအစားကိုရပြီး ကျန်းမာ၀ဖြိုးပြီး ဉာဏ်ရည်ထက်မြတ်တဲ့ ကလေးအဖြစ်ကြီးထွားလာမှာဖြစ်ပါတယ်။


Photo Credit - Pinterest
မိမိရဲ့ကလေးနဲ့ပါတ်သက်ပြီး အသေးစိတ်ကအစ ဂရုတစိုက်ရှိသင့်ပါတယ်။ ကလေးရဲ့မျက်နှာအမူအရာ အသေးစိတ်ကအစ၊ သူတို့ရဲ့ခန္ဓာကိုယ်လှုပ်ရှားပုံ၊စိတ်ခံစားချက်တွေကို ဂရုတစိုက် မှတ်သားပြီးတော့ကိုယ့်ရဲ့ကလေးက ကိုယ့်ကိုဘာပြောချင်လဲဆိုတာကို နားလည်အောင်ကြိုးစားသင့်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကလေးတွေကိုအစာကျွေးတဲ့အခါမှာ သင့်လက်ချောင်လေးကိုကိုင်ပြီး စိုက်ကြည့်နေတဲ့ အခါမျိုး၊ သင့်ကိုမြင်တဲ့အခါ ပြုံးပြလိုက်တာမျိုး၊ သင့်ရဲ့လှုပ်ရှားမှုတိုင်းကို မျက်စိနဲ့လိုက်ကြည့်တာမျိုးကို ပြောတာဖြစ်ပါတယ်။ 


Photo Credit - Pinterest
မိမိရဲ့ကလေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်ပေးပါ။ ကလေးတွေဟာ စာအုပ်တွေနဲ့ သီချင်းတွေကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့်မို့ ကလေးတွေ သဘောကျစေမယ့် သီချင်းတွေဖွင့်ပြတာ၊စာအုပ်ဖတ်ပြတာတွေပြုလုပ်ပြီးတော့ ကလေးတွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ပြုလုပ်ပေးသင့်ပါတယ်။  ကလေးတွေကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ဂရုစိုက်ပေးသင့်သလို စိတ်အနှောက်အယှက်မဖြစ်စေဖို့ပါအထူးသတိထားသင့်ပါတယ်။ ကလေးငယ်တွေဟာ သူတို့နေ့စဉ်မြင်နေ၊ကြားနေရတာကို အတုယူတာဖြစ်တဲ့အတွက် ကလေးဖွံ့ဖြိုးတိုးတက်မယ့် ကိစ္စတွေကိုသာ ပြုလုပ်ပေးသင့်ပါတယ်။
Phone Khant

Related Articles

မွေးကင်းစ ပူတူးလေးကို ချီကြည့်၊ ကိုင်ကြည့်ချင်တယ်ဆိုရင်

မွေးကင်းစပူတူးလေးတွေမှာ နှာတွေတအားချေနေရင်

ပူတူးခေါင်းမှာ ချွေးထွက်တဲ့အခါ

ပူတူးလေးတွေအဖျားအမြန်ကျရေး

ပူတူးလေးနှင့် အိပ်ချိန်စက်ဝန်း

ပူတူးနဲ့ပေါင်ဒါ