ပူတူးလေးတွေရေကူးပေးခြင်း အကျိုးကျေးဇူးများ

ရေကူးခြင်းက လေ့ကျင့်ခန်းတစ်မျိုးဖြစ်တာကြောင့် လူကြီးလူငယ်မရွေးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ 
မွေးကင်းစနဲ့ နို့စို့အရွယ်ပူတူးလေးတွေကို ရေကူးပေးခြင်းကလည်း ပူတူးလေးတွေအတွက် အကျိုုးကျေးဇူးများစွာရရှိစေပါတယ်။
တစ်ချို့သောအတွေ့အကြုံမရှိသေးတဲ့ ဖေဖေ မေမေတို့အနေနဲ့ စစချင်းမှာ စိုးရိမ်လွန်ပြီး ရေကူးပေးခြင်းကို မလုပ်ရဲတာမျိုးတွေရှိတတ်ကြပါတယ်။ 
ဒါက ပူတူးလေးတွေအတွက် အကျိုုးကျေးဇူးများစွာရရှိစေတာကြောင့် စိတ်ပူစရာမလိုပါဘူး။ 
ပူတူးလေးတွေကို ရေကူးလေ့ကျင့်ပေးခြင်းက အောက်ပါအကျိုးကျေးဇူးများရရှိစေပါတယ်။


ညဏ်ရည်ဖွံ့ဖြိုးပြီးမှတ်ညဏ်ပိုကောင်းမွန်စေခြင်း
ပူတူးလေးတွေဟာ ရေထဲမှာ သူတို့ခြေထောက်လေးတွေ လက်လေးတွေနဲ့ အားယူပြီး လှုပ်ရှားတိုင်း (ခြေကန်ခြင်း) ရွေ့လျားနိုင်တာကို သူတို့ဦးနှောက်က မှတ်သားနိုင်ပါတယ်။ ဒါဟာ သူတို့ဦးနှောက်မှတ်ညဏ်ကိုပိုမိုတိုးတက်စေပါတယ်။ 
ပူတူးလေးတွေ မိခင်ဝမ်းဗိုက်ထဲမှာ ခြေကန်တတ်တဲ့အလေ့အကျင့်က မွေးကင်းစနဲ့ အသက်၆လဝန်းကျင်အထိပါလာတတ်တာကြောင့် ရေထဲမှာသူတို့ကဒီအချက်ကို အသုံးချနိုင်ပါတယ်။ဒါကြောင့် အသက်၆လဝန်းကျင်မတိုင်ခင်ကတည်းက ရေကူးဖို့ လေ့ကျင့်ပေးရင်အကောင်းဆုံးပါ။

မိမိကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေခြင်း
ပူတူးလေးတွေကို ရေကူးသင်ပေးခြင်းက မိဘတွေတင်မဟုတ်ဘဲ ကလေးငယ်တွေလည်း စစချင်းမှာ ရေကူးရမှာကို ကြောက်နေတတ်ပါတယ်။ အလေ့အကျင့်ဖြစ်သွားတဲ့နောက်ပိုင်းမှာ သူတို့လေးတွေရဲ့ ဦးနှောက်က ကြောက်ရွံ့စိတ်တွေကို အလွယ်တကူဖယ်ရှားပေးပြီး မိမိကိုယ်ကိုယ် (Self Confidence) ယုံကြည်မှုပိုရှိပြီး ရဲရင့်စေပါတယ်။



နှလုံး၊ အဆုတ်၊ ခြေ၊ လက် နှင့် ခန္ဒာကိုယ်တစ်ခုလုံးရှိကြွက်သားများ ကြံ့ခိုင်သန်မာစေခြင်း
ရေကူးခြင်းက ပူတူးလေးတွေရဲ့ နှလုံး နဲ့ အဆုတ်ကျန်းမာစေပြီး သူတို့လေးတွေရဲ့ ခြေလက်တွေကို လည်းသန်မာစေတဲ့အပြင် ခန္ဒာကိုယ်တစ်ခုလုံးက ကြွက်သားလေးတွေကို လည်းကြံ့ခိုင်စေပါတယ်။


အစားစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေခြင်း
လူကြီးတွေမှာ ပင်ပမ်းတာတစ်ခုခုလုပ်ပြီးရင် အစားစားချင်စိတ်ပိုဖြစ်တတ်သလို ပူတူးလေးတွေမှာလည်း ရေကူးပြီးတဲ့အခါ သူတို့လေးတွေရဲ့ အစားစားချင်တဲ့စိတ်ကို လှုံ့ဆော်ပေးတယ်လို့ လေ့လာချက်တွေမှာဖော်ပြထားပါတယ်။


အိပ်ချင်စိတ် ဖြစ်ပေါ်စေရန်အတွက်လည်းအအထောက်အပံ့ဖြစ်စေပါတယ်။
ရေကူးပေးခြင်းက ပူတူးလေးတွေရဲ့ အိပ်စက်မှုအားကောင်းအောင်လည်း အထောက်အပံ့ဖြစ်စေပါတယ်။



Related Articles

ပူတူးလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်

အလတ်တွေကို ဒီနည်းလေးတွေနဲ့ ချစ်ပေးကြပါ

အကောင်းမြင်စိတ်ရှိတဲ့သူဖြစ်အောင် ကလေးလေးတွေကိုပျိုးထောင်ပေးနိုင်မယ့် နည်းလမ်း (၅) ခု

ပူတူးလေးတွေ နို့ဗူးသောက်တတ်အောင် ဘယ်လိုကျင့်ပေးရမလဲ

မေမေတို့မသိသေးတဲ့ မွေးကင်းစလေးတွေရဲ့ ထူးဆန်းထွေလာအချက်များ

အစားအစာက ဉာဏ်ရည်ဖွံဖြိုးမှု ကို အထောက်အကူပြုနိုင်လား