တစ်လသားအရွယ် ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအသောက် ( ၅ ) မျိုး

မွေးကင်းစကလေးတွေအရွယ်တစ်ခု ရောက်တဲ့အချိန်မှာ အရသာအသစ်အဆန်းတွေ၊စားစရာအသစ်အဆန်းတွေကို စမ်းစမ်းပြီးတော့ ကျွေးရပါတယ်။ ဒါက ပုံမှန်ဘဲဆိုပေမယ့် ကလေးတွေကို လုံးဝမကြွေးသင့်တဲ့ အစားအသောက်တွေရှိပါတယ်။ ဒါကြောင့်မိုပ တစ်လသားအရွယ် ကလေးတွေကို လုံးဝမကျွေးသင့်တဲ့ အစားအသာက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

( ၁ ) ပျားရည်

Photo Credit - Family Education.com

တစ်လသားအရွယ် ကလေးတွေကို ဘယ်လိုပျားရည်အမျိုးအစားတွေကိုမှ  မကျွေးသင့်ပါဘူး။ပျားရည်ဟာ မွေးကင်းစကလေးတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကြွက်သားသန်မာဖွံဖြိုးမှုကို အနှောက်အယှက်ဖြစ်စေပါတယ်။

( ၂ ) နွားနို့ 

Photo Credit - Family Education.com

တစ်လသားအရွယ် ကလေးငယ်ဟာ နွားနို့မှာပါဝင်တဲ့အင်ဇိုင်းနဲ့ ပရိုတိန်းတွေ မချေဖြတ်နိုင်သလို သတ္တုဓာတ်တွေက ကလေးငယ်ကဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

( ၃ ) ကြက်ဥအကာ

Photo Credit - Family Education.com
တစ်လသားအရွယ်ကလေးတွေကို ဥအမျိုးမျိုး မကျွေးသင့်ပါဘူး။ ကြက်ဥအကာဟာ ကလေးငယ်တွေအတွက် ဓာတ်မတည့်မှု ဖြစ်ပါ်စေပါတယ်။
( ၄ ) အချဥ်ဓာတ်

Photo Credit - Family Education.com
အချဥ်ဓာတ်ပါတဲ့ အသီးအနှံတွေကို တစ်လသားအရွယ် ကလေးငယ်တွေကို ကျွေးမွှေးခြင်းမှ ရှောင်ကြဥ်ပါ။ ဗီတာမင်စီနဲ့ အက်ဆစ်ဓာတ်ကြွယ်ဝတာကြောင့် ကလေးငယ်တွေကို အစာအိမ်အချဥ်ပေါက်တာဖြစ်စေနိုင်ပါတယ်။

( ၅ ) ပင်လယ်စာ

Photo Credit - Family Education.com
ကလေးငယ်တွေနဲ့ မတည့်တဲ့အစားအသောက်တစ်မျိုးက ပင်လယ်စာ အထူးသဖြင့် ကြေးခွံပါတဲ့ ငါးဖြစ်ပါတယ်။ကလေးကိုငါးမကျွေးခင် ကျွမ်းကျင်သူတွေနဲ့  တိုင်ပင်သင့်ပါတယ်။

Phone Khant
Related Articles

နို့ရည်ညှစ်နည်းနဲ့ထိန်းသိမ်းနည်းတွေ

ဘယ်ချိန် နို့ဖြတ်မလဲ?

အသင့်စားခေါက်ဆွဲခြောက်ထုပ်ရဲ့ အန္တရာယ်

ဆလတ်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

မိခင်နို့ VS နို့မှုန့်

ပူတူလေးတို့အတွက်ဗီတာမင်Dကောင်းကျိုးများ