ပူတူးလေးတို့ ဉာဏ်ကောင်းစေမယ့် စူပါအစားအစာများ

အသက် ၆ လနဲ့အထက် ပူတူးလေးတို့ ဉာဏ်ကောင်းစေဖို့အတွက် မေမေတို့ ကျွေးသင့်တဲ့အစားအစာလေးတွေကို ပြောပြပေးချင်ပါတယ်။ အခုပြောပြပေးမယ့် အစားအစာလေးတွေကို ပူတူးလေးတို့ ထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အစာပြေ သရေစာမုန့်အနေနဲ့ပဲဖြစ်ဖြစ် မေမေတို့ အဆင်ပြေသလို ပြင်ဆင်ကျွေးနိုင်ပါတယ်နော်။ ဒီအစားအစာလေးတွေက ပူတူးလေးတို့ ဉာဏ်ကောင်းစေဖို့နဲ့ အာရုံကြောလေးတွေ အားကောင်းစေဖို့အတွက်ပါ ကူညီပေးမှာပါ...

၁။ ကြက်ဥ


Photo credit - medical news today
ကြက်ဥလေးတွေကို ထမင်းနဲ့ပဲရောကျွေးကျွေး၊ သရေစာမုန့်လေးတွေပဲလုပ်ကျွေးကျွေး ပူတူးလေးတို့ မှတ်ဉာဏ်အားကိုကောင်းစေဖို့နဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။

၂။ Greek Yogurt (ဂီရိဒိန်ချဉ်)


Photo credit - greek city
စူပါမားကတ်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ ဂီရိဒိန်ချဉ်တွေက သာမန်ဒိန်ချဉ်တွေထက် ကျန်းမာရေးအာနိသင်တွေ များစွာပါဝင်ပါတယ်။ ဂီရိဒိန်ချဉ်က ပူတူးလေးတို့ရဲ့ ဦးနှောက်အာရုံကြောဆဲလ်လေးတွေကို အားကောင်းစေတာကြောင့် အာရုံစူးစိုက်မှုအားကောင်းပြီး သွက်လက်ချက်ချာစေမှာပါ။

၃။ အစိမ်းရင့်ရောင်အသီးအရွက်များ


Photo credit - pinterest
မုန်ညှင်း၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်အစရှိတဲ့ အစိမ်းရင့်ရောင်အသီးအရွက်တွေမှာ ပါဝင်တဲ့ folate ဓာတ်တွေကတော့ ပူတူးလေးတို့ရဲ့ ဦးနှောက်နဲ့ အာရုံကြောက သွေးကြောမျှင်လေးတွေကို သန်စွမ်းကျန်းမာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၄။ ငါး


Photo credit - freepik
Vitamin D, Omega - 3 စတဲ့ ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ငါးလေးတွေကတော့ ပူတူးလေးတို့ကို မှတ်ဉာဏ်အားကောင်းစေဖို့ ကူညီပေးမှာပါ။ ပူတူးလေးတွေကို အကျွေးသင့်ဆုံး ငါးအမျိုးအစားတွေကတော့ ဆဲလ်မွန်ငါး၊ တူနာငါးနဲ့ ဆာဒန်းငါးလေးတွေပဲ ဖြစ်ပါတယ်။

၅။ အခွံမာအစေ့အဆံများ


Photo credit - medical news today
အခွံမာအစေ့အဆံလေးတွေကို သေချာညက်နေအောင်ကြိတ်ပြီး သရေစာမုန့်လေးတွေမှာ ထည့်ကျွေးပေးမယ်ဆိုရင်တော့ ပူတူးလေးတွေရဲ့ မှတ်ဉာဏ်အားတွေ ကောင်းလာစေမှာပါ။ ဘာကြောင့်လည်းဆိုရင်တော့ အခွံမာအစေ့အဆံလေးတွေက ပူတူးလေးတွေရဲ့ ဦးနှောက်စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၆။ ပန်းသီးနှင့် ဆီးသီး


Photo credit - pinterest
ပန်းသီး (သို့) ဇီးသီးလေးတွေကို ပူတူးလေးတို့ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ မေမေတို့ ဝမ်းသာလို့ရပါပြီ။ ဘာကြောင့်လဲဆိုရင် ပန်းသီး (သို့) ဆီးသီးလေးတွေက ပူတူးလေးတို့ကို ဉာဏ်ကောင်းစေဖို့ ကူညီပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့လည်း အထောက်အကူပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

Ref; webmd.com
Psyche (We Media)
Related Articles

ပူတူးလေးတို့ ကြိုက်မဲ့ ပန်းသီးဒိုးနက်

ဖရဲသီးကျောက်ကျော

ပူတူးလေးတို့အတွက် ကြက်ဥ Sandwich

တစ်အိမ်သားလုံးစားသုံးသင့်တဲ့ ထောပတ်သီး

နာနတ်သီး စားသုံးစို့

မွေးစမှ (၁) နှစ်အထိ ကျွေးသင့်သော အစားအစာများ