ပူတူးလေးတို့ အကြိုက်တွေ့စေမယ့် ချိစ်အာလူးလုံးကြော်

ဒီတစ်ခါမှာ မေမေတို့လည်း ဖန်တီးရလွယ်၊ ပူတူးလေးတို့လည်း ကြိုက်မယ့် Snacks လုပ်နည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ချိစ်အာလူးလုံးကြော်လေးပဲဖြစ်ပါတယ်။ ချိစ်အာလူးကြော်လေးက ပူတူးလေးတို့အတွက် အာဟာရဖြစ်စေရုံသာမကပဲ ကြီးထွားဖွံ့ဖြိုးမှုကိုပါ အထောက်အကူပြုပေးနိုင်ပါတယ်။ ကဲ ဘယ်လိုဖန်တီးရမလည်းဆိုတာ ဆက်လက်ဖက်ရှုပေးပါဦးနော်...

Photo credit - food network canada
ပါဝင်ပစ္စည်း
ချိစ်(Mozarella Cheese) - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
အာလူး(အလုံးကြီး) - ၁ လုံး
ဆား - အနည်းငယ်
ကြက်ဥ - ၁ လုံး (အကာပဲယူပါမယ်)
ပေါင်မုန့်ခြောက်မှုန့် - ၁ ပန်းကန်

Photo credit - we heart it
ပြုလုပ်နည်းအဆင့်ဆင့်
- ပထမဦးဆုံး အာလူးကို နူးအိနေအောင်ပြုတ်ပါ။
- ပြီးသွားရင်တော့ အခွံခွာပြီး အာလူးတွေကြေမွနေအောင်ချေပေးပါ။

Photo credit - surya
- အာလူးတွေကြေသွားပြီဆိုရင်တော့ ချိစ်နဲ့ ဆားအနည်းငယ်ထည့်ပြီး နှံ့သွားအောင်နယ်ပါ။
- နယ်ထားတဲ့ အားလူး၊ ချိစ်အရောအနှောတွေကို အလုံးလေးတွေလုံးပေးပါ။ (ပူတူးလေးတို့အကြိုက် ပုံစံမျိုးစုံလုပ်လို့ ရပါတယ်နော်)

Photo credit - carousell
- ပြီးသွားရင်တော့ ကြက်ဥအကာအရည်ထဲနှစ်ပါ။ ပြီးရင် ပေါင်မှုန့်ခြောက်မှုန့်ထဲလူးကာ ကြော်ပေးပါ။
- ကြော်ပြီးသွားရင်တော့ အအေးခံကာ ပူတူးလေးတွေကို နေ့လည်နေ့ခင်း အစာပြေကျွေးလို့ရပါပြီ။
Psyche 
Related Articles

ကြက်ဥအကာကျက်နဲ့ ပူတူးကျန်းမာရေး

ပူတူးလေးတို့ ဉာဏ်ကောင်းစေမယ့် စူပါအစားအစာများ

သင်မသိသေးတဲ့ ပန်းသီးအကြောင်း

ကလေးများဉာဏ်ရည် ဖွံ့ဖြိုးဖို့ အကောင်းဆုံး အစားအသောက် (၁၀) မျိုး

စားသုံးသင့်တဲ့ Chia Seed

ပူတူးလေးတွေနဲ့ သရေစာ