မိုးရာသီမှာ ပူတူးလေးတွေရဲ့ကျန်းမာရေးအတွက် ဂရုစိုက်ပေးရမယ့် အချက်များ

မိုးရာသီရောက်လာပြီဆိုတော့ အအေးမိပြီး ဖျားနာလွယ်တာကြောင့် မေမေတို့ရဲ့ပူတူးလေးတွေကို ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။ နောက်ပြီး မိုးရာသီဆိုတာ ခြင်တွေပေါပြီး ရာသီတုပ်ကွေးတွေလည်း အဖြစ်များတဲ့ ရာသီပါ။


အဲဒါကြောင့် အခုလိုမိုးရာသီမှာ မေမေတွေအနေနဲ့ ပူတူးလေးတွေရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အသုံးဝင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပူတူလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်ပြီး ဗီတာမင်စီပြည့်ဝတဲ့ အစားအစာတွေနဲ့ သူတို့ရဲ့ကိုယ်ခံအားကို တက်စေမယ့် တခြားအစားအစာတွေကို ကျွေးမွေးပါ။

၂။ အစားအသောက်ကျွေးတဲ့အခါမှာ ပူနွေးပြီး လတ်ဆတ်တဲ့ အစားအစာတွေကိုပဲ ကျွေးပါ။ ပူတူးလေးတွေကို ကျွေးမယ့်အစားအစာတွေကို အမြဲတမ်းဖုံးအုပ်သိမ်းဆည်းပါ။ ဖြစ်နိုင်ရင် အပြင်စာတွေ မစားပါစေနဲ့။


၃။ ရေကျက်အေးကိုပဲ တိုက်ကျွေးပါ။ ပူတူးလေးတွေအတွက် နို့ဖျော်တဲ့အခါမှာလည်း ကျိုချက်ထားတဲ့ရေကိုပဲ အမြဲတမ်းအသုံးပြုပါ။

၄။ ပူတူးလေးတွေရဲ့အခန်းကို အမြဲတမ်း သန့်ရှင်းခြောက်သွေ့နေအောင် ထားပေးပါ။

၅။ ခြင်တွေမခိုအောင်းနိုင်စေဖို့ သင့်အိမ်နဲ့ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။


၆။ ပူတူးလေးတွေကို ရေချိုးပေးတဲ့အချိန်ကို သတိထားပါ။ တစ်နေ့တာရဲ့ အနွေးထွေးဆုံးအချိန်မှာပဲ ရေချိုးပေးပါ။ ပြီးတဲ့အခါမှာ နွေးနွေးထွေးထွေးထားပါ။

၇။ ပူတူးလေးတွေကို ခြင်မကိုက်အောင် ဖြစ်နိုင်ရင် အင်္ကျ ီလက်ရှည်နဲ့ ဘောင်းဘီရှည်ကို ရွေးချယ်ဝတ်ဆင်ပေးပါ။ ခြင်တွေကြိုက်တဲ့ ခပ်မှောင်မှောင်ကာလာတွေ၊ ကာလာမှိုင်းမှိုင်းတွေအစား ခပ်လင်းလင်းအရောင်လေးတွေ ကိုပဲ ရွေးချယ်ပါ။

၈။ ပူတူးလေးတွေ အိပ်တဲ့အချိန်တိုင်း မဖြစ်မနေ ခြင်ထောင်ကိုလုံအောင်ချပေးပါ။


၉။ ပူတူးလေးတွေရဲ့ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အဖျားပျောက်ဆေးနဲ့ အအေးမိပျောက်ဆေးတွေကို အမြဲတမ်းအသင့်ဆောင်ထားပါ။

Katie Scarlett
We Media
Source: Zeenews

Related Articles

ဒီလိုရာသီမှာ ဒီလိုရောဂါတွေသတိပြုပါ

ရာသီဥတုအေးအေးဝယ် ဘေဘီလေးအရေပြားထိန်းသိမ်းမယ်

ပူတူးလေး သွားရည်တွေ တအားကျနေလား?

ပူတူးလေးတွေကို ဘယ်အချိန်ကျမှ ခေါင်းအုံးနဲ့ သိပ်သင့်သလဲ

အရိုးအကြောလေ့ကျင့်ခန်း

ပူတူးလေးတွေဝမ်းထဲမှာ သွေးပါတဲ့အခါ