မွေးနေ့မှာအနုပညာရှင်တွေကိုအလှူငွေသွားလှူပေးခဲ့တဲ့နန်းမြတ်ဖြိုးသင်း

ပရိသတ်တွေချစ်ကြတဲ့ အသံချိုချိုအေးအေးလေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့  မနေ့က ဇွန်လ (၂)ရက်နေ့မှာ အသက် (၃၀)ပြည့်သွားတာပဲဖြစ်ပါတယ်။အခုဆိုရင် သာယာအေးချမ်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။နန်းမြတ်ကတော့ မွေးနေ့အလှူအဖြစ် အနုပညာရှင်ဇာတ်ပို့ဇာတ်ရံ (၁၀)ဦးအတွက် အလှူငွေသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။



Photo - Nan Myat Phyo Thin


Photo - Nan Myat Phyo Thin

နန်းမြတ်ကအခုလိုမွေးနေ့မှာသွားရောက်လှူဒါန်းပေးခဲ့တဲ့ရည်ရွယ်ချက်ကတော့"နန်းမြတ်တို့အနုပညာလောကမှာခုချိန်COVID19ကြောင့်အလုပ်တွေအားလုံးနားထားရပီးအားလုံးခက်ခဲနေကြရတဲ့အချိန်ပါ။အဲ့အတွက်နန်းမြတ်ကလိုအပ်နေသူတွေထဲကမှ၁၀ဦးကိုတစ်ဦးလျှင်၁သိန်းနှုန်းနဲ့၁၀သိန်းလှူဒါန်းဖြစ်ခဲ့ပါ တယ်။


Photo - Nan Myat Phyo Thin

အလှူလိုက်လုပ်ရင်းကိုယ့်လောကသားကလူတွေကိုတွေ့ရလို့ဝမ်းသာသလိုအဆင်မပြေကြလို့ဝမ်းလဲနည်းမိတယ်အားလုံးရဲ့ပျော်ရွှင်မှုအတွက်တော့နန်းမြတ်အတွက်ပြောမပြနိုင်တဲ့ပီတိတွေပါပဲ။ဒီထက်မကအများကြီးလှူချင်ပါသေးတယ်နန်းမြတ်ရဲ့အလှူလေးကိုအားလုံးထပ်တူရစေရန်မျှဝေလိုက်ပါတယ်နော်
သာဓုခေါ်နိုင်ကြပါစေ" ဆိုပြီးပြောပြပေးထားပါတယ်နော်။



PuTuu
Source- Nan Myat Phyo Thin

Related Articles

StayHome ကာလမှာ အပတ်စဉ်သောကြာနေ့တိုင်း ရဟန္တာငါးပါးအား ဆွမ်းကပ်ကုသိုလ်ယူပြီး သတ်သတ်လွတ်စားကုသိုလ်ယူကြတဲ့ Rဇာနည်မိသားစု

Phyodaybyday ပြောပြထားတဲ့ လူတိုင်းသိထားသင့်တဲ့ Beauty Tips လေးများ ( Part - 2 )

မေမေတို့ Stress အရမ်း များလာရင် စိတ်ဖိစီးမှုတွေလျော့႔စေဖို့

မေမေတို့ရဲ့ရင်ထဲကခံစားချက်တွေ

ချစ်တတ်တဲ့ ဖေဖေတစ်ယောက်ဖြစ်လာဖို့

ပျော်ရွှင်သော မိသားစုများရဲ့ လျှို့ဝှက်ချက်