ကိုယ်ဝန်ရှိစမှာ ပျို့အန်လွန်းတဲ့မဗိုက်တွေမွေးမယ့်ပူတူးလေးတွေ ဉာဏ်ပိုကောင်းနိုင်

မနက်ခင်းတိုင်းမှာ ဆိုးဆိုးဝါးဝါးပျို့အန်တာဟာ ခံစားရခက်ပြီး နေရထိုင်ရတာမသက်သာပါဘူး။ ဒါပေမယ့် မေမေတို့အနေနဲ့ ဒါကို ဂုဏ်ယူသင့်ပါတယ်။ မေမေတို့မွေးဖွားလာမယ့် ပူတူးလေးတွေဟာ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ လူတော်လူကောင်းလေးတွေဖြစ်လာမှာမို့လို့ပါပဲ။ 

အမေရိကန်နိုင်ငံက ဆေးသုတေသနဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွေမှာ မနက်တိုင်းလိုလိုပျို့အန်လေ့ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမာန်ပျို့ရုံလောက်ပဲဖြစ်တဲ့မိခင်တွေထက်စာရင် ဉာဏ်ပိုကောင်းတဲ့ ပူတူးလေးတွေ မွေးဖွားနိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်မိခင်ပေါင်း အယောက်တစ်ရာလောက်ကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။

အဲ့ဒီလေ့လာချက်အရ ပျို့အန်လိုစိတ်ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေဟာ ပူတူလေးတွေရဲ့ ဦးနှောက်တည်ဆောက်မှုကို အထောက်အကူပေးပြီး လျင်လျင်မြန်မြန် ဖွံ့ထွားစေတာပါတဲ့။ ပြင်းပြင်းထန်ထန် ပျို့အန်လေလေ ပိုပိုပြီး ဉာဏ်ကောင်းတတ်လေလေပါပဲ လို့လည်း ပြောကြပါတယ်။
ဒါ့အပြင် ဒီလိုမျိုး ပျို့အန်လေ့ရှိတဲ့ မိခင်တွေဟာ တခြားကိုယ်ဝန်ဆောင်တွေထက်စာရင် ကိုယ်ဝန်ပျက်ကျနိုင်ချေ တအားနည်းပါတယ်။
ဒါကြောင့် အရမ်းပျို့အန်လွန်းလို့ဆိုပြီး ကိုယ့်ကိုကိုယ် စိတ်ကုန်နေတာမျိုးတွေဖြစ်မယ့်အစား မွေးဖွားလာမယ့်ပူတူးလေးတွေအတွက် အကောင်းဆုံးတွေ မျှော်လင့်ရင်း ကြိုဆိုလိုက်ကြရအောင်နော်။


Related Articles

ကိုယ်ဝန်ဆောင်ချိန်တွင် စားသင့်သောအစားစာ

ကြင်နာမှုအပြည့်နဲ့ဖေဖေ

ကိုယ်ဝန်ဆောင်စဉ်ရေကူးပေးခြင်းရဲ့ အံ့ဖွယ်အကျိုး

ကိုယ်ဝန်ဆောင်ချိန် ဖြစ်ပေါ်တက်သော ရောဂါဝေဒနာများ (၄)

သွေးဆုံးကိုင်ခြင်းနှင့် မီးယပ်ပြဿနာ

ကိုယ်ဝန်ဆောင်နဲ့ အရေပြားလေးဖက်နာ