သွားနှစ်ချောင်းပေါက်ပြီ မေမေ… ဘာစကျွေးမလဲ???

သွားနှစ်ချောင်းပေါက်ပြီ မေမေ… ဘာစကျွေးမလဲ???
ပူတူတူးလေးတွေ သွားစပေါက်တဲ့ အချိန်ဟာ ၆ လကျော်မှ ၁ နှစ်အတွင်း ဖြစ်ပါတယ်။ စပေါက်တဲ့ အခါမှာလည်း ယုန်သွားလေးလို အောက်သွားလေး နှစ်ခေါင်း စပေါက်လာတာပါ။ အောက်သွားလေး နှစ်ချောင်း ပေါက်ပြီးမှ အပေါ်သွားလေး နှစ်ချောင်း ဆက်ပြီး ပေါက်လာပါတယ်။ အောက်သွားလေး နှစ်ချောင်းပေါက်လာပြီ … ငါ့သားလေး၊ ငါ့သမီးလေး သွားပေါက်လာပြီ ဆိုရင် မေမေ တို့ အမာနဲ့ ပတ်သတ်ရင် ဘာစကျွေးရင်ကောင်းမလဲ စဉ်းစားနေပြီပေါ့။ ဒါ့ကြောင့် သွားပေါက်တဲ့ ပူတူး သားသား၊ ပူတူး မီးမီးလေး တွေ အတွက် ဘာကျွေးသင့်လဲ ဆိုတဲ့ အစားအစာလေးတွေ ဖော်ပြပေးလိုက်တယ်နော်။ 
ကလေးစား နှံစားပင် Baby Cereal 
ဂျုံ၊ အုတ်ဂျုံ (ကွေကာအုတ်)၊ နဲ့ ပြောင်းဖူး အစရှိတာတွေ အကုန်လုံးဟာ နှံစားပင် Cereal အမျိုးအစားဝင် တွေဖြစ်ပါတယ်။ ကလေးစားတဲ့ Baby Cereal ဆိုတာကို ကျွေးလို့ရပါတယ်။ ဒီ Cereal ကို မိခင်နို့နဲ့ဖြစ်စေ၊ ဖော်မြူလာမှုန့်နဲ့ဖြစ်စေ ဖျော်တိုက်ပေးနိုင်ပါတယ်။ နည်းနည်းချင်းစီ စကျွေးပြီး တဖြည်းဖြည်းနဲ့ တိုးပြီး ကျွေးနိုင်ပါတယ်။ ပထမ စစချင်းမှာတော့ အနည်းငယ်က စပြီး မိတ်ဆက်ပါ။ 
သစ်သီးနဲ့ အသီးအရွက်
သစ်သီး နဲ့ အသီးအရွက် ဘယ်အရာစကျွေးရမလဲ စဉ်းစားနေရင် ဘယ်ဟာဖြစ်ဖြစ် အရင် ကျွေးလို့ရပါတယ်။ သစ်သီးကတော့ ကျွေးရတာ ပိုလွယ်စေတာပေါ့နော်။ Baby Cereal ထဲကို အသီးအနှံ ဖြစ်စေ၊ သစ်သီးလေးတွေ ဖြစ်စေ ချေပြီး ကျွေးနိုင်ပါတယ်။ ငှက်ပျောသီး၊ ပန်းသီး၊ မုန်လာဥနီ အစရှိတဲ့ သစ်သီးတွေ အရင်ကျွေးကြည့်ပေါ့။
၈ လကျော် ၁၀လ 
ဒီအရွယ်မှာတော့ သူစားမယ့် ပန်းကန်လေး ထားပြီး သူ့ရှေ့မှာ အစားလေး နည်းနည်းထည့်ပေးထားပါ။ သူ့လက်နဲ့ သူယူစားပါစေ။ နူးညံ့တဲ့ အသီးလေးတွေ သေးသေးလေးတွေတုံးပြီးဖြစ်စေ၊ အသီးအရွက် အိအိလေးတွေ သူဝါးနိုင်လောက်မည့် အခြေအနေ ပေါ့နော် တုံးပြီး ထည့်ကျွေးပါ။ ကြက်သားနဲ့ အခြား အသားတွေဆိုလည်း အိနေအောင် ပေါင်းထားတာ ကျွေးလို့ရပါတယ်။ ချိစ် ဒိန်ခဲ လေးတွေကလည်း ဒီအရွယ် မှာ စကျွေးနိုင်တဲ့ အစားဖြစ်ပါတယ်။ သူက နူးနူးညံ့ညံ့လေးမို့ ကလေးတွေ ဝါးရတာ လွယ်ကူစေမှာပါ။ တဂျွတ်ဂျွတ်ဝါးရတဲ့ မုန့်ကြွပ် အနည်းငယ်လည်း စကျွေးကြည့်နိုင်ပါတယ်။ ခေါက်ဆွဲမျှင်လေးတွေလည်း ကျွေးကြည့်နိုင်ပါတယ်နော်။  
ဂရုပြုရမှာကတော့ အမျိုးအစား စုံစုံလင်လင်၊ အဟာရ ညီညီမျှမျှ ကျွေးတတ်ဖို့က အဓိက ဖြစ်ပါတယ်။ သွား နဲ့ ခံတွင်း ကျန်းမာရေး အတွက်လည်း ကောင်းတဲ့ အစာတွေ ကျွေးရပါမယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ အဟာရဖြစ်ဖို့ကို အဓိက အာရုံစိုက် ကျွေးပေးပါ။ 
Related Articles

ကိုယ်ဝန်ဆောင် ကော်ဖီ/ကဖိန်းဓါတ် ဘယ်လောက်သောက်နိုင်လဲ

ထွက်တဲ့နို့ရည်တိုင်း အဟာရပြည့်နေဖို့

ရေမြွှာပေါက်ခြင်းအကြောင်း မေမေတို့သိထားဖို့

မေမေတို့ ကျန်းမာ သွယ်လျလှပစေဖို့ ကူညီပေးမယ့် အမျှင်ဓာတ်

သွေးအားနည်းခြင်းနှင့် ကိုယ်ဝန်ဆောင် မေမေတို့ကျန်းမာရေး

ကိုရိုနာဗိုင်းရပ်စ်ခုခံဖို့ ကိုယ်ခံအားမြင့်တက်စေမယ့် အစားများ